ဂီတအစည်းအရုံးက သီချင်းတွေကို ရောင်းချင်တိုင်းရောင်းတယ်ဆိုပြီး ပြဿနာတွေတတ်
ဂီတအစည်းအရုံးက သီချင်းတွေကို ရောင်းချင်တိုင်းရောင်းတယ်ဆိုပြီး ပြဿနာတွေတတ်
------— အကုန်သိ အနုပညာ —------
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂီတလောကသားတွေ အပြန်အလှန်ငြင်းခုန်ကြရင်း ပြဿနာတတ်ခဲ့ပါတယ်။ တေးသံရှင် ဂျက်မြသောင်းက “သီချင်းတွေကို ခွင့်ပြုချက်မတောင်းဘဲ FM တွေထံ ရောင်းတာ၊ သုံးခွင့်ပြုတာတို့ဟာ ခိုးတာပဲ။ ရောင်းလို့မရဘူး“ ဆိုပြီး အချေအတင်ပြောခဲ့ပါတယ်။ ဂျက်မြသောင်းရဲ့ ပြောကြားချက်ကို ကျန်ဂီတပညာရှင်တွေလည်း အားပေးထောက်ခံတာ တွေ့ရပါတယ်။ ဒီပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာအပြည့်အစုံကို နားဆင်ကြည့်နိုင်ပါပြီ။
ရိုက်ကူး /တည်းဖြတ် - ထက်ပိုင်စိုး၊ မျိုးကေခိုင်