ဆိုင်ခန်းကို အကြမ်းဖက်ဖယ်ရှားတယ်ဆိုပြီး သမ္မတကြီးပြောတဲ့ စကားတွေနဲ့ ပိုင်ရှင် ချေပ

ဆိုင်ခန်းကို အကြမ်းဖက်ဖယ်ရှားတယ်ဆိုပြီး ပိုင်ရှင်က သမ္မတကြီးပြောတဲ့ စကားတွေနဲ့ ချေပကန့်ကွက် ------ အကုန်သိသတင်းဌာန ----- လှိုင်မြို့နယ်၊ ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးဝန်းထဲမှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်း (၈) ခန်းကို အစိုးရက ဒီနေ့မနက်ပိုင်းမှာ အင်းအားသုံး ဖယ်ရှားရှင်းလင်းလိုက်ပါတယ်။ အဖျက်ဆီးခံရတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးကတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတော်သမ္မတကြီးမိန့်ကြားထားတဲ့ သြ၀ါဒတွေနဲ့ ကွဲလွဲနေတာကြောင့် အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း အခုလို အော်ဟစ်ပြောနေတာ တွေ့ရပါတယ်။ ရိုက်ကူး၊ တည်းဖြတ် - သီဟ
Back to Top