ဦးသိန်းစိန်လက်လက်က ဥပဒေကို ယခုအစိုးရမှ ပြင်ပေးရန် အဘိုးအိုတစ်ဦး ဆန္ဒပြတောင်းဆို
ဦးသိန်းစိန်လက်လက်က ဥပဒေကို ယခုအစိုးရမှ ပြင်ပေးရန် အဘိုးအိုတစ်ဦး ဆန္ဒပြတောင်းဆို
------ အကုန်သိသတင်းဌာန ------
“ဦးသိန်းစိန်ရေးဆွဲသော လယ်ယာမြေဥပဒေသည် လျှပ်စစ်မီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းနေသည်။ ဦးနေဝင်းပြောသွားသော လယ်ယာမြေဥပဒေသည် ကောက်ရိုးမီးသဖွယ်သာဖြစ်သည်။ မြေပိုင်ရှင်သာလျှင် မြေယာပိုင်ဆိုင်ခွင့်ရှိသည်။ သီးစားသမားသည် လုပ်ပိုင်ခွင့်သာရှိသည် ပိုင်ဆိုင်သူမဖြစ်နိုင်။ ပုံစံ(၇)သည် လုံးဝအထောက်ထားမပြနိုင်ပါ “ အစရှိသဖြင့် အသက် ၉၁ နှစ်အရွယ်အဘိုးအိုတစ်ဦးက အချက်အလက်မျိုးစုံကို ရေရွတ်ရင်း နိုဝင်ဘာ ၃၀၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က တောင်တွင်းကြီးမြို့ မကွေး - တောင်တွင်းကားလမ်းပေါ်တလျှောက် ဆန္ဒပြတောင်းဆိုသွားခဲ့ပါတယ်။
ရိုက်ကူး - ထက်သူရ၊ တည်းဖြတ် - သီဟ