ကြာသပတေးသားသမီးများ သူတစ်ပါးနဲ့ ဘာပဲလုပ်လုပ် ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်

ကြာသပတေးသားသမီးများ သူတစ်ပါးနဲ့ ဘာပဲလုပ်လုပ် ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ် -------- အကုန်သိဗေဒင် -------- ဒီရက်တွေအတွင်းမှာ လုပ်ငန်းအစပိုင်းအခက်အခဲကြုံပြီးမှ နောက်ပိုင်းမှာပြန်အဆင်ပြေသွားတတ်ပါတယ်။ အောင်မြင်စေရန် ခေါင်းအေးအေးထားလုပ်ပေးပါ။ ယှဉ်ပြိုင်တိုက်ခိုက်လိုသူ မနာလိုသူပေါများနေတတ်ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေ ငွေချေးလုပ်ငန်းတွေ စာချုပ်ချုပ်ဆိုတဲ့လုပ်ငန်းတွေမှာ အကျိုးပေးတတ်ပါတယ်။ ယတြာအနေနဲ့ မိတ်ဆွေတစ်ဦးကို ဒံပေါက်အလှူဒါနပြုလုပ်ပေးပါ ကံတွေပိုကောင်းသွားပါလိမ့်မယ်။ ရိုက်ကူး - မင်းသီဟန် ၊ တည်းဖြတ် - ကိုမိုး
Back to Top