မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ တစ်ဦးချင်းရဲ့ ဆန္ဒကို ရှေ့တန်းမတင်သင့်ဟုဆို

မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ တစ်ဦးချင်းရဲ့ ဆန္ဒကို ရှေ့တန်းမတင်သင့်ဟုဆို -----— အကုန်သိသတင်းဌာန —----- တိုင်းပြည်ကြီး အေးချမ်းသာယာပြီး စည်ပင်ဝပြောဖို့ဆိုရင် တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ဆန္ဒကို ရှေ့တန်းမတင်သင့်ဘူးလို့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်နယ်လုံးဆိုင်ရာ ကရင်စာပေယဉ်ကျေးမှု့ကော်မတီ ဥက္ကဌကြီး အဖိုး စောအေးမြ က ပြောပါတယ်။ “ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့“ ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကရင့်ရိုးရာ ဓလေ့စရိုက်တွေကို ထိန်းသိမ်းပြီး နောင်လာနောင်သားတွေကို လက်ဆင့်ကမ်းသင့်ကြောင်းလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောလိုက်ပါတယ်။ သတင်း - စောဘောသိုလ်၊ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သားကို
Back to Top