Live လွှင့်သူကို မီဒီယာဥပဒေနဲ့ တရားစွဲတာဟာ လုပ်ထုံးလုပ်နည်း မှားနေဟုဆို

Live လွှင့်သူကို မီဒီယာဥပဒေနဲ့ တရားစွဲတာဟာ လုပ်ထုံးလုပ်နည်း မှားနေဟုဆို ------- အကုန်သိ မှုခင်း -------- ဘားအံမြို့ စည်ပင်ကော်မတီရွေးချယ်ပွဲ ကျင်းပနေချိန်မှာ ခွင့်မတောင်းဘဲ ဖေ့စ်ဘုတ်ပေါ် Live လွှင့်ခဲ့သူကို မြို့နယ်အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာဥပဒေ ၂၅/ခ နဲ့ တရားစွဲဆိုထားပါတယ်။ သတင်းမီဒီယာသမားမဟုတ်သူကို သတင်းမီဒီယာဥပဒေနဲ့ တရားစွဲတာဟာ လုပ်ထုံးလုပ်နည်းတွေ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ ဒီအမှုကို ရန်ကုန်မြို့ ပြည်သူ့ပါတီမှ တာဝန်ရှိသူ ဦးရွှေအောင်သင်း ဦးဆောင်တဲ့ တရားလွှတ်တော်ရှေ့နေ ၄ ဦးပါအဖွဲ့က အခမဲ့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ရိုက်ကူး - စောဘောသိုလ်၊ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သားကို
Back to Top