ရခိုင်တမျိုးသားလုံးရဲ့ နှလုံးသားထဲက ရက္ခိုင့်တပ်တော် AA

ဒီနေ့ ဧပြီလ ၁၀ ရက်နေ့ဟာ ရက္ခိုင့်တပ်တော် (၁၅) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် (AA) ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ရှိရာ လိုင်ဇာမှာ ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒီ ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်နေ့ဟာ ရက္ခိုင်တပ်တော်ကို တည်ထောင်ခဲ့တာ ၁၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီ ဧပြီလ ၁၀ ရက်နေ့ကို ရက္ခိုင့်တပ်တော်နေ့ သတ်မှတ်ထားပြီး ရက္ခိုင့်တပ်တော်အတွင်းမှာသာမက အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ ရခိုင်အမျိုးသားတွေကလည်း ရက္ခိုင့်တပ်တော်နေ့ကို ဂုဏ်ပြု ကျင်းပကြပါတယ်။ ရက္ခိုင်တပ်တော်ဆိုတာ ရခိုင်အမျိုးသားတွေရဲ့ ပကတိ လိုအပ်ချက်နဲ့ အညီ ပေါ်ပေါက်လာတဲ့ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ လက်နက်တပ်ဖွဲ့လည်း ဖြစ်ပြီး ရခိုင်အမျိုးသားရေးအတွက် ရှေ့ကနေ မားမားမတ်မတ်ရပ်တည် တိုက်ပွဲဝင်နေတဲ့ တပ်တော်လည်းဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေဟာ ယခင်က ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှာန်းနေထိုင်ခဲ့တဲ့ လူမျိုးတစ်မျိုးဖြစ်ပြီး အတိတ်သမိုင်းမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အထိ ချမ်းသာကြွယ်၀တဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်။ ၁၇၈၅ ခုနှစ် စည်းလုံးညီညွတ်မှုပြိုကွဲပြီး ရခိုင့် အချုပ်အချာ အာဏာကျဆုံးပြီးတဲ့နောက်ပိုင်းက စပြီး တိုင်းတစ်ပါးသားတွေရဲ့ လက်အောက်နည်းမျိုးစုံနဲ့ ဖိနှိပ်အုပ်ချုပ်တာကို ခံခဲ့ရကြရပါတယ်။ လက်ရှိ အတုအယောင် ပြည်ထောင်စုအောက်မှာ အုပ်ချုပ်သူတွေရဲ့ လူမျိုးရေးအရ သွေးခွဲ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ရခိုင်ပြည်နဲ
Back to Top