“ပြည်သူသိစေချင်လို့ပါ (၉)”
“ပြည်သူသိစေချင်လို့ပါ (၉)”
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသား အကြံပေးအရာရှိများ
(စီးပွားရေးကုမ္ပဏီထောင်နေတာလား အစိုးရအဖွဲ့ကို ဦးဆောင်နေတာလား၊ နိုင်ငံခြားသားတွေရဲ့ အစေခံအစိုးရ ဖြစ်မနေပေဘူးလား၊ သူလျှိုကို ပိုက်ဆံပေး ငှါးထားသလို ဖြစ်မနေပေဘူးလား၊ ပြည်သူ့ချွေးနှဲစာနဲ့ အလကားတင်ကျွေးထားရသလို ဖြစ်မနေပေဘူးလား ဒါတွေကို သိစေချင်တာပါ။)
ဆရာတော်ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ကို မေးထားတဲ့ မေးခွန်းဖိုင်(၂၀)ထဲမှ အမှတ်(၉)မေးခွန်းဖိုင်ဖြစ်ပါသည်။
အမှတ်(၁၀)ဖိုင် ဆက်လက်တင်ပေးသွားပါမည်။
--------------------------
ရွေးကောက်ပွဲကြီးလည်း ပြီးသွားပြီပေါ့ဗျာ။ သောင်ပြိုကမ်းပြိုလည်း နိုင်သွားပြီပေါ့ဗျာ။ အဲဒီအချိန်မှာ သမ္မတဆိုတာ ထုတ်မပြနိုင်ဘူး။ ဘယ်သူကသမ္မတပါလို့လည်း ထုတ်မကြေညာနိုင်ဘူး။ သမ္မတလောင်း ရှာပုံတော်ဖွင့်ရတာလည်း ဇနကဇာတ်တော်ထဲက ဖုဿ ရထားလွှတ်သလိုပါပဲ။ တစ်လလည်းမတွေ့ရ နှစ်လလည်းမတွေ့ရ သုံးလလည်းမတွေ့ရ။ ဒါဘာပြနေသလဲဆိုတော့ အတိုက်အခံပါတီကြီးဟာ အစိုးရတစ်ရပ်လုပ်နိုင်ဖို့အတွက် ဘာတစ်ခုမှ အဆင်သင့်မဖြစ်သေးဘူးဆိုတာ ပြတာပေါ့နော်။ ပြည်သူလူထုကတော့ သောင်းသောင်းဖျဖျပေါ့ဗျာ၊ တစ်ခဲနက်ပေါ့။
ဟုတ်ပြီ အစိုးရတစ်ရပ် ဖွဲ့နိုင်ခဲ့ပြီ။ တူရာတူရာဝန်ကြီးဌာနတေ