POS Printer

POS= Point-Of-Sale နှင့် Loyverse အရောင်းဆိုင်သေးသေးလေးမှ စူပါမားကတ်လို ဆိုင်ကြီးအထိ ဆိုင်ဖွင့်တော့မယ်ဆိုရင် ကုန်ပစ္စည်းစာရင်း၊ အရောင်းစာရင်း၊ လက်ကျန်စာရင်းတို့ကို မှတ်တမ်းယူရတာ အခက်ခဲဆုံးအလုပ်တစ်ခုပါ။ အရောင်းစာရင်းကို ဘောက်ချာအောက်ခံမှ ပြန်ရေးသွင်း၊ စာအုပ်ထဲမှတ်၊ ဂိုထောင်စာရင်းထဲကနှုတ်၊ စုပေါင်းတွက်ချက် ရှေးရိုးစဉ်အတိုင်း စာရွက်ဖိုင်တွေနဲ့ သွားရတဲ့ခေတ်မဟုတ်တော့ပါ။ အားလုံးကို Loyverse ဆော့ဖ်ဝဲတစ်ခုတည်းနဲ့ စနစ်တကျထိန်းချုပ်ထားနိုင်ပါတယ်။ ထဲမှာ အသေးစိပ်ဝင်လေ့လာနိုင်ပါတယ်။ ရောင်းတဲ့အခါ................. ကိုယ်သုံးနေတဲ့ ဟန်းဖုန်းထဲ ပစ္စည်းစာရင်း ဈေးနှုန်းအားလုံးကို အခမဲ့ရတဲ့ Loyverse ဆော့ဖ်ဝဲနဲ့ထည့်။ ရောင်းရင် Aက ၅ခု၊ Bက ၇ခု၊ C က ၂ခု စသည်ကို ဖုန်းထဲမှာတင် လက်ညှိုးလေးထောက်ပြီး ရွေးသွားရုံသာ။ ပြီးရင် ဘလူးတုသ်နဲ့ ချိတ်ထားတဲ့ POS Printer မှာ ပေါင်းပြီးသား အဆင်သင့်ဘောက်ချာလေး (ဆိုင်နမယ်လိုဂို၊ ကျေးဇူးတင်ပါတယ်ဘာညာ စာတန်းအပါ) သပ်သပ်ရပ်ရပ် ထွက်လာပါလိမ့်မယ်။ မှင်ခံနဲ့မှတ်စရာမလိုပဲ ဆော့ဖ်ဝဲထဲမှာ ရောင်းခဲ့တဲ့စာရင်းတွေ တန်းရောက်သွားပါမယ်။ ၀ယ်သူလည်း ဂဏန်းတွက်စက် တဒေါက်ဒေါက်နဲ့ ပေါင်းနေတာကို အချိန်ကြာကြာေ
Back to Top