အင်ဒိုနီးရှား ငလျင် လှုပ်ခတ်ခဲ့ပြီး သေဆုံးသူ ၈၀၀ ကျော်ရှိခဲ့
အင်ဒိုနီးရှား နိုင်ငံ ဆူလာဝေဆီ ကျွန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းဒဏ် သင့်ခဲ့ပြီးနောက် အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေ ရှာဖွေနေကြပါတယ်။ သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိခဲ့ပြီလို့ တာဝန်ရှိသူတွေက မနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုထားပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်သေးတယ် လို့လည်း ခန့်မှန်းထားပါတယ်။ ဘေးဒဏ်သင့်သူ အနည်းဆုံး ၁ သန်းခွဲလောက် ရှိတယ်လို့လည်း ကြက်ခြေနီ အဖွဲ့ တာဝန်ရှိသူတွေကလည်း ပြောဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ သတင်းကို မသိင်္ဂီထိုက် ပြောပြပေးမှာပါ။VOA