အစၥလာမ္ဘာသာ၀င္အမ်ဳိးသမီး
သုံးတာလက်နှင့် အစ္စလာမ်ဘာသာဝင်အမျိုးသမီး၏အိမ်ထောင်ရေးပြဿနာအပေါ် အမျိုးသမီးအချို့၏ ဆွေးနွေးချက်
================================================================
12-9-2018
အစ္စလာမ်ထုံးတမ်းအရ သုံးတာလက်(ကွာပြီဟု သုံးကြိမ်ပြော)ပေးပြီး ကွာရှင်းခံခဲ့ရခြင်းနှင့် ပတ်သက်သည့် နစ်နာသူ မအေးမြတ်သူက စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)ရုံးခန်း၌သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
မအေးမြတ်သူအား (၁၁.၇.၂၀၁၈) နေ့၊ ည ၈ နာရီခန့်အချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သက်ဦးက တာလက် ၃ ကြိမ်ပေးခဲ့ပြီး အစ္စလာမ်ရှာရီယာဥပဒေအရ ယင်းကွာရှင်းမှုအထမြောက်မမြောက် ဖြေကြားပေးရန် ဦးအောင်သက်ဦးက အိုလမာသာသနာပညာရှင်များအဖွဲ့ချုပ်ထံမေးမြန်းခဲ့ရာ အိုလမာသာသနာပညာရှင်များအဖွဲ့ချုပ်၏ ဓမ္မသတ်မှူးချုပ်ဖြစ်သည့် ဦးဘသိန်း(မဇာဟိရီ)က “လူကြီးမင်း(ဦးအောင်သက်ဦး)နှင့် မအေးမြတ်သူတို့၏ လင်ခန်းမယားခန်းသည် (၁၁.၇.၂၀၁၈)နေ့မှစ၍ အပြီးသတ် ပြတ်စဲသွားပြီး ဖြစ်သည်”ဟု ဇူလိုင် ၁၇ ရက်စွဲဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းသို့ကွာရှင်းခြင်းမှာ လူ့အသိုင်းအဝိုင်းက လက်ခံနိုင်စရာဖြစ် မဖြစ်၊ တရာမျှတမှုရှိ မရှိ မအေးမြတ်သူက မေးခွန်းထုတ်ခဲ့သည်။
မအေးမြတ်သူက သူမ၏ဖြစ်ရ