ဝေဝါးနေဆဲ ရိုဟင်ဂျာတွေရဲ့အိမ်ပြန်ချိန်နေ့ရက်တွေ

ဝေဝါးနေဆဲ ရိုဟင်ဂျာတွေရဲ့အိမ်ပြန်ချိန်နေ့ရက်တွေ BNA(Documentary) ကော့ဘဇား၊စက်တင်ဘာ ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်ခံခဲ့ကြရလို တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အသ က်လုထွက်ပြေးခဲ့ကြရတဲ့ရိုဟင်ဂျာဒု က္ခသည်တွေရဲ့အိမ်ပြန်ချိန်နေ့ရက်တွေဟာ ဝေဝါးနေဆဲပဲလို့ ရိုဟင်ဂျာတွေကဆိုကြပါတယ်။ အဲဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒုက္ခ သည်စခန်းတွေမှာ စားဝတ်နေရေး၊ပ ညာရေး၊ကျန်းမာရေး၊လွတ်လပ်စွာသွားလာခွင့်တွေကို ဆုံးရှုံးနေကြတာမို့ဇာတိမြေသို့ပြန်ချင်ကြတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်ဇာတိမြေမှာလူမျိုးတုံးသတ် ဖြတ်ခံခဲ့ကြရသလို နေအိမ်၊ကျေးရွာတွေလည်း ဖျက်စီးခံခဲ့ကြရတာမို့ စိတ် ဒဏ်ရာခံစားမှုတွေလည်းရှိနေကြဆဲပဲလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်ကမြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစ စ်ဆင်ရေးကြောင့် ရိုဟင်ဂျာလူဦးရေခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတ ယ်။ အဲဒီရိုဟင်ဂျာခုနှစ်သိန်းအပြင် ဟိန္ဒူဒု က္ခသည်တွေနဲ့အရင်ရောက်နှင်းနေတဲ့ဒုက္ခသည်စုစုပေါင်းတစ်သန်းကျော်ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျ န်းမာရေး၊ခရီးသွားလာရေးစတဲ့အခက် အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဒုက္ခသည်စခန်းတွေမှာ အ ကြမ်းဖက်သတ်ဖြတ်ကာ၊ဖမ်းဆီးပြန်ပေးဆွဲတာ၊မူးယစ်ဆေးဝါးတွေရောင်း ဝယ်ဖောက်ကားနေတာစတဲ့ ရာဇဝတ်မှုတွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတ ယ်။ အာဏာသိမ်းစစ်ကောƚ
Back to Top