A list of ‘Flying Coffins’ MiG aircraft crashes

( စက်တင်ဘာ - ၀၅၊ ၂၀၁၈ ) မိုးပျံ မသာခေါင်း စာရင်း။ အိန္ဒိယလေတပ်မတော် MIG အမျိုးအစား ဂျက်တိုက်လေယာဉ်များ မကြာခဏ ပျက်ကျနေ ================================= ((( Time of India., Sep 04, 2018. “A list of ‘Flying Coffins’ MiG aircraft crashes “ Source: TNN ကို Htay Oung ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။ ))) အိန္ဒိယလေတပ်မတော်မှ MIG-27 အစား ဂျက်တိုက်လေယာဉ်မှာ ရာဂျတ်စသန်ပြည်နယ် ဂျိုဒီပူရ်တွင် ပျက်ကျသွားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အပူတစ်ပြင်းဆောင်ရွက်လျှက်ရှိသည်ဟု အိန္ဒိယအခြေစိုက် Time of India က ယမန်နေ့ ရေးသားသည်။ ကွင်းဆင်းစဉ် လေယာဉ်ဘီး တာယာကွဲကာ ဘေးသို့ လည်ထွက်သွားပြီး လေယာဉ်ကွင်း အတားအဆီးများနှင့် အရှိန်ပြင်းစွာတိုက်မိ၍ မီးလောင်ကြောင်း၊ ကနဦးသတင်းများအရ တိုက်လေယာဉ်မှာ လေသူရဲမှာ အသက်ရှင် လျှက် လွတ်မြောက်သည်ဟု သိရှိရသည်။ ယခုဖြစ်စဉ်သည် အိန္ဒိယလေတပ်မတော်အတွက် ပထမဆုံးအကြိမ် မဟုတ်ဘဲ MIG အမျိုးအစား ဂျက်တိုက် လေယာဉ်များ မကြာခဏ ပျက်ကျလျှက်ရှိသည်ဟု Time of India က “ မိုးပျံ မသာခေါင်း စာရင်း” ဟူ၍ ၂၀၁၃-ခုနှစ်မှ စ၍ ယခင်ဖြစ်စဉ်များကိုပါ ဖော်ပြထားကြောင်း တွေ့ရှိရသည်။ - ၂၀၁၈ ဇူလိုင်လ စောေ
Back to Top