Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ရှမ်းမြောက်တိုက်ပွဲတွေမှာ ပြည်ပဒရုန်းပညာရှင် ၆၅၀၀ လောက်နဲ့အတူ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြုပြီး ၊ သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရတဲ့အတွက် စစ်တပ်စခန်းတွေ စွန့်ခွာပေးနေ ရတယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်း အဝေးအတွင်း ဝန်ခံပြောဆိုလိုက်ပါတယ်။ - အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတွေ ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေနဲ့ စစ်သားတွေကို ဆိုင်ကယ်စီးပြီး ပစ်ခတ် သတ်ဖြတ်နိုင်တဲ့အတွက် သတိပြုကြဖို့ဆိုတဲ့ ညွှန်ကြားချက် တစ်ရပ်ကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။ - စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာက စာသင်ကျောင်းနဲ့ ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။
Back to Top