VOM သတင်းထောက်ရဲ့ လားရှိုး အိမ်အပြန်ခရီး

VOM သတင်းထောက်ရဲ့ လားရှိုး အိမ်အပြန်ခရီး ဩဂုတ် ၂၀၊ ၂၀၂၄ Shy V (VOM) တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး စစ်မက်ဒဏ်ကိုအဆိုးရွားဆုံး ခံခဲ့ရတဲ့ လားရှိုးမြို့ကို တကျော့ပြန်ရောက်တော့ ရာသီဥတုအခြေအနေက နေသာတာထက် ပိုမိုပူပြင်းနေသလို လားရှိုးမြို့ရဲ့ အခြေအနေကလည်း မကောင်းလှပါဘူး။ မြို့ကိုရောက်ရောက်ချင်း ရပ်ကွက်တွေထဲ ဝင်လာတာနဲ့ ဟိုနား တပုံ ဒီနား တပုံ မီးခိုး တလူလူ နဲ့ မီးရှို့ ထားတာတွေ တွေ့ရပါတယ်။ တိုက်ပွဲ ပြီးသွားတော့ ရပ်ကွက်ထဲ ကိုယ့်ထက် အရင်ရောက်နေတဲ့ ဒေသခံ လေး၊ ငါးယောက်လောက်က ရပ်ကွက်ထဲက လမ်းကြားတွေမှာ သန့်ရှင်းရေး လုပ်နေကြပါတယ်။ နေထိုင်ခဲ့ဖူးတဲ့ မိမိအိမ်ရဲ့ ဝင်းတံခါးကို ကြည့်လိုက်တော့ တံခါးသော့ကို သေနတ်နဲ့ ပဈဖကြျထားဝာာကို တွေ့ရပါတယ်။ တံခါး တပြင်လုံးနဲ့ အိမ်ရှေ့ အုတ် နံရံတွေမှာတော့ ကျည်ပေါက်ရာတွေ နေရာ အနှံ့ပါ။ အိမ်ဝင်းထဲ ဝင်လိုက်တော့ ညစ်ပတ် ရှုပ်ပွ နေတယ်။ ကျည်ခွံတွေ ပြန့်ကြဲနေတယ်။ အိမ်ရှေ့ ခြံဝင်းကို အရင် လှည်းကျင်း သန့်ရှင်းရေး လုပ်လိုက်တယ်။ ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ထားတဲ့ ပစ္စည်းတခုကို အိမ်ရှေ့က ပီပါခွံ ပေါ် တင်ထားတာ တွေ့ရပါတယ်။ အိမ်ထဲမှာ ကိုးကန့်နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်နေသွားတယ် လို့ ယူဆရပါတယ်။ အိမ်ဝင်းထဲ ထားခဲ့တဲ့ ဆိုင်ကယ် သုံးစီး ကတော့ မတွေ့ရတေထည်ထားပြီးာ့ပါဘူး။ အိမ်ထဲ ဝင်ကြည့်လိုက်တော့ တံခါးသော့တွေလည်း အကုန် ဖျက်ထားပါတယ်။ အိမ်ထဲမှာလည်း ရှိသမျှ ပစ္စည်း တွေ ဗြောင်းဆန်အောင် မွှေနှောက် သွန်ချထားဝာကိုတှေ့ရပါတယျ။ အိပ်ယာတွေထဲမှာလည်း ဘွတ်ဖိနပ် ရာတွေ နဲ့ ဝင်အိပ်ƛ
Back to Top