တရားသူကြီး သင်တန်းတက်နေသဖြင့် အိမ်အကူဒေါ်ခင်မာမြင့်နဲ့ ပွဲစားဒေါ်ညိုကို အမှုမစစ်ဆေးနိုင်

တရားသူကြီး သင်တန်းတက်နေသဖြင့် အိမ်အကူဒေါ်ခင်မာမြင့်နဲ့ ပွဲစားဒေါ်ညိုကို အမှုမစစ်ဆေးနိုင် --------- အကုန်သိသတင်းဌာန --------- ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်ပါတယ်လို့ လီဆယ်ပြီး အမှုဖွင့်တိုင်တန်းခဲ့တဲ့ အိမ်အကူ ခင်မာမြင့် ပွဲစားဒေါ်ညိုတို့နှစ်ဦးကို ယနေ့ စက်တင်ဘာ ၁၉ ရက် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း အမှုစစ်တွဲဘက်တရားသူကြီးက သင်တန်းတက်နေတာကြောင့် စစ်ဆေးနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ရိုက်ကူး - ဒါးလ်ဇ တည်းဖြတ် - ပြည့်စုံ
Back to Top