မကြာခင် ပြောင်းလဲတော့မယ့် ပညာရေးကောလိပ်

မကြာခင် ပြောင်းလဲတော့မယ့် ပညာရေးကောလိပ် ----- Education Talk ------ ပညာရေးဝန်ကြီးဌာနနဲ့ UNESCO (Myanmar) အဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးတိုးမြှင့်ရေး (Strengthening Pre-service Teacher Education in Mydnmar STEM Project) စီမံချက်ဖြင့် (၂)နှစ်သင်ပညာရေးကောလိပ်များကို (၄)နှစ်သင်ပညာရေးဒီဂရီ ကောလိပ်များအဖြစ် တိုးမြှင့်သွားမယ်လို့ သိရပါတယ်။ အရင်က ပညာရေးကောလိပ်မှာ ၂ နှစ်လောက် သင်ကြားရုံနဲ့ ဆရာ/ဆရာမတစ်ယောက်ဖြစ်ခဲ့တယ်။ အခု ပညာသင်နှစ်တွေ တိုးမြှင့်တော့မယ်ဆိုတော့ လုပ်ငန်းခွင်ဝင်ဖို့ ပိုပြီး ကြန့်ကြာမသွားနိုင်ဘူးလား ၊ ဆရာလောင်းတွေရဲ့ အရည်အချင်းတွေရော ပိုပြီး တိုးတက်လာနိုင်သလား၊ သင်ကြားရေးပိုင်းမှာ ဆရာမတွေက လိုက်မမီတာတွေ ရှိတယ်လို့ ပြောနေကြတဲ့အပေါ် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆရာဦးသန်းဦးက အခုလို ဆွေးနွေးပေးထားပါတယ်။
Back to Top