ဘိုလီဗီးယားနဲ့ ခြေစမ်းကစားဖို့ မြန်မာအသင်းဘက်က ပွဲကစားကြေး ပေးခဲ့ရတယ်
ဘိုလီဗီးယားနဲ့ ခြေစမ်းကစားဖို့ မြန်မာအသင်းဘက်က ပွဲကစားကြေး ပေးခဲ့ရတယ်
---------- အကုန်သိသတင်းဌာန ----------
ဘိုလီးဗီးယားအသင်းဟာ အာရှထိပ်သီး အီရန်အသင်းနဲ့ ကစားဖို့ ရှိတာမှာ မြန်မာအသင်းနဲ့ လည်း မူလက သဘောတူထားတဲ့အတိုင်း ကစားဖို့ သဘောတူခဲ့ပါတယ်။ ဘိုလီးဗီးယားအသင်းအနေနဲ့ မြန်မာမြေပေါ်ကို လာဖို့ အတွက် ကစားသမားတစ်ဦးကို အနည်းဆုံး ဒေါ်လာ ၄၀၀၀ ထက်မနည်း အကုန်အကျခံခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာအသင်းကတော့ ကမ္ဘာ့ထိပ်သီးဘောလုံးနိုင်ငံစာရင်းဝင် ဘိုလီးဗီးယားနဲ့ ခြေစမ်းကစားခွင့်ရဖို့ အတွက် ပွဲကန်ကြေးပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။
ရိုက်ကူးမေးမြန်း - ထက်ဝေလင်း ၊ တည်းဖြတ် - သားကို