တစ်ထိုင်တည်း ဆုံးဖြတ်ချက်ပေးမယ့် ၀န်ကြီးဌာနအသစ် ပေါ်လာပြီလို့ စီးပွား/ကူးသန်း ၀န်ကြီးပြော

တစ်ထိုင်တည်း ဆုံးဖြတ်ချက်ပေးမယ့် ၀န်ကြီးဌာနအသစ် ပေါ်လာပြီလို့ စီးပွား/ကူးသန်း ၀န်ကြီးပြော --------- အကုန်သိ သတင်းဌာန ---------- ပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ အတွက် ၀န်ကြီးဌာနမှာ လာရောက်စုံစမ်းမှတ်တမ်းရေးသွင်းမှုတွေမှာ ၀န်ကြီးဌာနတစ်ခုတည်းနဲ့ တစ်ခါတည်းမပြီးမြောက်ခဲ့မှုကို အဖြေရှာနိုင်ပြီဖြစ်တယ်လို့ စီးပွား/ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။ ဒါကတော့ Single Window စနစ်နဲ့ ဝန်ကြီးဌာနအသစ်တစ်ခုဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ဦးသောင်းထွန်း ဦးဆောင်မယ့်ဝန်ကြီးဌာနအသစ်ကပဲ တစ်ထိုင်တည်းပြီးအောင် တာဝန်ယူပေးတော့မယ်လို့ ဆိုလိုက်တာပါ။ ရိုက်ကူးတည်းဖြတ် - သီဟ
Back to Top