တောင်ဒဂုံစက်မှုဇုန် အနီးက ပြုပြင်ထိန်းသိမ်းဖို့လိုနေတဲ့ ရွှေလီလမ်းမကြီးဘေးက လမ်း
တောင်ဒဂုံစက်မှုဇုန် အနီးက ပြုပြင်ထိန်းသိမ်းဖို့လိုနေတဲ့ ရွှေလီလမ်းမကြီးဘေးက လမ်း
------- မုန့်လင်မယားဗန်း ရန်ကုန်လမ်း -------
ပြည်သူလူထုနေထိုင်တဲ့လမ်းတွေဟာ ကောင်းမွန်နေပြီလား။ သက်ဆိုင်ရာက လမ်းတွေကိုပြုပြင်ပေးနေပေမယ့် ရန်ကုန်တိုင်းအတွင်းမှာ အချို့သော လမ်းတွေဟာ ပြုပြင်ပေးဖို့ လိုနေပါသေးတယ်။ အခုတင်ဆက်ပေးမယ့် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတဲ့လမ်းကတော့ တောင်ဒဂုံစက်မှုဇုန်အနီးက ပြည်ထောင်စုလမ်းမကြီးအဆုံး ရွှေလီလမ်းမကြီးနားက လမ်းမကြီးဖြစ်ပါတယ်။တကယ်လို့ ပြည်သူလူထုအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ လမ်းမတွေရှိနေတယ်ဆိုရင်လည်း အကုန်သိသတင်းဌာနကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။ အကြောင်းကြားလာခဲ့ရင်လည်း အကုန်သိသတင်းဌာနအနေနဲ့ အလျဉ်းသင့်သလို လာရောက်ရိုက်ကူး တင်ဆက်ပေးသွားမှာပါ။
တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သားကို