ဆီးချိုဝဋ် ဒုက္ခမှ လွတ်မြောက်လာသူများ (၁)

ဆီးချိုဝဋ် ဒုက္ခမှ လွတ်မြောက်လာသူများ (၁) ဆီးချိုယောဂီ ဒေါ်နန်းစံပယ်အောင်၊ အသက် (၅၃)နှစ်၊ ဆီးချိုသက်တမ်း - ၃နှစ်ကျော်။ မူလဆီးချို - 204 (FBS) ရလဒ် - 110 (FBS) ဆီးချိုအပြင် သွေးတိုး၊ နှလုံး၊ ကျောက်ကပ် ရောဂါတွေပါ ရရှိထားသူ၊ အိမ်မှာနေစဉ် - ညစဉ် ၆/၇ကြိမ်ထိ ဆီးထသွားရသော်လည်း တရားစခန်း - ၅ရက်မြောက်နေ့မှစပြီး ဆီးရပ်သွားလို့ အိပ်ရေးဝဝ အိပ်နိုင်လာသူ၊ မျက်နှာတစ်ခုလုံး - မို့ရောင်နေရာမှ နေ့စဉ် အရောင်ကျလာပြီး - အိမ်ပြန်ရောက်ပြီး မကြာခင် အရှင်းပျောက်ကင်းလာခဲ့သူ၊ ဆီးချိုဒုက္ခအဝဝကို ကျော်ဖြတ်ကာ လူကောင်းတစ်ယောက်လို ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေနိုင်လာခဲ့သူ၊ ဆယ်ရက်မြောက်မှာ 110mg/dlထိ ကျဆင်းခဲ့ပြီး တရားစခန်းမှအပြန် 83mg/dlအထိ ကျဆင်းခဲ့သူ၊ တရားအားထုတ်ရင် ရောဂါပျောက်ကင်းကြောင်း ယုံကြည်မှုရှိသူဖြစ်ပြီး တရား၊ အစား၊ အားကစား၊ ဆေးဝါး “စံ”လေးပါး ပြည့်စုံရင် ဆီးချိုရောဂါပျောက်ကင်းနိုင် ကြောင်း လက်တွေ့အရ ယုံကြည်ထားသူ၊ သူမရဲ့ ရောဂါဝေဒနာ သက်သာပျောက်ကင်းပုံများကို ဘဝတူ ဆီးချိုသမားများအား မျှဝေပြန့်ပြူးလိုက်ရပါကြောင်း ……… ကျန်းမာချမ်းသာတရားရိပ်သာဆရာတော်
Back to Top