ဇွဲကပင်စေတီတော် မှန်ချပ်ခင်းရင်ပြင်တော်ကို အတတ်ပညာရှင်တွေ အကူအညီ ပေးသွားမည်

ဇွဲကပင်စေတီတော် မှန်ချပ်ခင်းရင်ပြင်တော်ကို အတတ်ပညာရှင်တွေ အကူအညီ ပေးသွားမည် ------- အကုန်သိသတင်းဌာန -------- နည်းပညာအတတ်ပညာရှင်တွေ မပါဘဲ ဇွဲကပင်တောင် ရင်ပြင်တော်ကို အရှည် ၁၀၅ ပေ အကျယ် ၁၇ ပေ တိုးချဲ့ရာမှာ သံဘောင်တပ်ဆင်ကာ မှန်ချပ်တွေ ခင်းပြီး တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒေသခံတွေနဲ့ ပညာရှင်တွေက စိုးရိမ်ပူပန်နေကြသလို ဝေဖန်ကန့်ကွက်မှုလည်း ရှိနေပါတယ်။ ဝရိန်ကျွမ်းကျင် အင်ဂျင်နီယာတစ်ယောက်ကတော့ ဝရိန်ပိုင်းဆိုင်ရာတွေမှာတော့ နည်းစနစ်တကျ မဟုတ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရိုက်ကူး-စောဘောသိုလ်၊ တင်ဆက်-အိဖြူသိမ့်၊ တည်းဖြတ်-သားကို
Back to Top