ဒါရိုက်တာ ကျော်ဇောလင်းက အမြဲ မာမီ မာမီနဲ့ခေါ်တာ ခံနေရတယ်ဆိုတဲ့ ဟာသသရုပ်ဆောင် အရိုင်း

ဒါရိုက်တာ ကျော်ဇောလင်းက အမြဲ မာမီ မာမီနဲ့ခေါ်တာ ခံနေရတယ်ဆိုတဲ့ ဟာသသရုပ်ဆောင် အရိုင်း ------- အကုန်သိ အနုပညာ ----- “ဝက်ဝက်ကွဲအောင်ပွင့်“ ရုပ်ရှင်ဇာတ်ကားမှာ မိန်းမလျာအဖြစ် ပါဝင်ရိုက်ကူးခဲ့တဲ့ ဟာသသရုပ်ဆောင် အရိုင်းက ဇာတ်ကားထဲမှာ အကုန်လုံးက မိန်းမလျာပုံစံတွေသရုပ်ဆောင်ခဲ့ကြပြီး မတွေ့ဖူးတဲ့သူတွေ မတွဲဖူးတဲ့ပုံတွေနဲ့ သရုပ်ဆောင်ရတာပါလို့ ပြောပါတယ်။ “ အပြင်မှာတော့ ယောက်ျားပုံတွေနဲ့နေကြပေမယ့် ရိုက်ကွင်းမှာ အကုန်လုံးက ဝက်ဝက်ကွဲနေတာ။ ဒီကားရိုက်တော့ ဒါရိုက်တာ ကျော်ဇောလင်းက အမြဲ မာမီ မာမီနဲ့ခေါ်တာကြီး ခံနေရတယ် “ လို့လည်း ဟာသသရုပ်ဆောင် အရိုင်းက အခုလို ဖွင့်ဟပြပါတယ်။ ရိုက်ကူး/မေးမြန်း - ဆုမင်းကို၊အိဖြူသိမ့် တည်းဖြတ် - ရဲထက်
Back to Top