သက်ငယ်မုဒိမ်းတွေများတဲ့ မျက်မှောက်ခေတ်ကို မီးမောင်းထိုးပြလိုက်တဲ့ သမီးကလေးရဲ့ရွာ

သက်ငယ်မုဒိမ်းတွေများတဲ့ မျက်မှောက်ခေတ်ကို မီးမောင်းထိုးပြလိုက်တဲ့ သမီးကလေးရဲ့ရွာ ------ Movie Review ------ မိဘတွေက ကိုယ့်သားသမီးကို ဘယ်လောက်ပဲ ရင်အုပ်မကွာ ပြုစုစောင့်ရှောက်နေပါစေ အနိုင်ကျင့်စော်ကားချင်တဲ့ ဒုစရိုက်သမားတွေက အမြဲတမ်း ချောင်းမြောင်းနေတတ်ပါတယ်။ သက်ငယ်မုဒိမ်း ကျူးလွန်တဲ့သူတွေဟာ သူတို့ရဲ့သားကောင်အဖြစ် ရွေးချယ်တဲ့နေရာမှာ အသက်ငယ်သော၊ မရုန်းကန်နိုင်သော၊ ခွန်အားနည်းသော ကလေးငယ်တွေကိုပဲ ရွေးချယ်တတ်ကြပါတယ်။ ဒီလိုမျိုး လူစိတ်မရှိတဲ့ မုဒိမ်းသမားတွေကို ဘယ်လိုမျိုး ပြစ်ဒဏ်ပေးရမလဲဆိုတာ ဒီကားလေးက ညွှန်ပြထားတာမို့ ဒီတစ်ပတ် Movie Review အစီအစဉ်ကနေ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
Back to Top