ကိုရီးယားနိုင်ငံသားတွေရဲ့ အကြမ်းဖက်ခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံ

ကိုရီးယားနိုင်ငံသား ဖွင့်ထားတဲ့ KTV မှာ ကိုရီးယားနိုင်ငံသားတွေရဲ့ အကြမ်းဖက်ခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံ -------- အကုန်သိ မှုခင်း --------- KTV မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးကို ကိုရီးယားနိုင်ငံသား(၃)ဦးမှ အကြမ်းဖက်ရိုက်နှက်နေတာကို မြန်မာဆိုင်ဝန်ထမ်းတွေက ၀င်ရောက်ဟန့်တားခြင်းမရှိဘဲ ၀ိုင်းကြည့်နေတာကို ရင်နာတယ်။ အရင်တုန်းကလည်း အခုလိုပဲ အဓမ္မကျင့်ခံရဖို့ အားထုတ်ခံရတာတွေ ရိုက်နှက်ခံရတာတွေရှိတယ်။ ဘယ်သူမှမဖြေရှင်းပေးဘူး။ မန်နေဂျာကလည်း အေးအေးဆိုပြီးတော့ မသိချင်ယောင်ဆောင်သွားတယ်။ ဘယ်သူတွေဘယ်လိုပဲအနိုင်ကျင့်ခံရခံရ မသိသလိုပဲနေတယ်။ သူဋ္ဌေးကလည်း မသိချင်ယောင်ဆောင်နေတယ်။ သူဋ္ဌေးက ကိုရီးယား နိုင်ငံသားပါ ။ ဖြစ်ခဲ့တဲ့ အချိန်က ည ၁နာရီခွဲမှာ ဖြစ်ခဲ့တာပါ ။ ရိုက်ကူး၊မေးမြန်း၊တည်းဖြတ် - သီဟ
Back to Top