အစိုးရအတွက် ၀င်ငွေတိုးစေဖို့ မွေးမြူရေးလုပ်ငန်းဇုန်များ ဖွင့်လှစ်ပေးရန် တောင်းဆို
အစိုးရအတွက် ၀င်ငွေတိုးစေဖို့ မွေးမြူရေးလုပ်ငန်းဇုန်များ ဖွင့်လှစ်ပေးရန် တောင်းဆို
------ အကုန်သိသတင်းဌာန ------
မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဟာ ရန်ကုန်နဲ့ မန္တလေးပြီးရင် တတိယလူဦးရေအများဆုံး တိုင်းဖြစ်ပါတယ်။ မြို့ပြမှာ ၂၅ ရာခိုင်နှုန်းဖြစ်ပြီး ကျေးလက်မှာ ၇၅ ရာခိုင်နှုန်း နေထိုင်လျက်ရှိပါတယ်။
ဒါ့ကြောင့် အစိုးရအနေနဲ့ ဧရာဝတီတိုင်းမှာ မွေးမြူရေးလုပ်ငန်းဇုန်တွေ၊ တစ်နိုင်တစ်ပိုင်စီးပွားဖြစ်မွေးမြူရေးတွေ ဖွင့်လှစ်ပေးလိုက်မယ်ဆိုရင် ပြည်သူတွေအတွက် စားဝတ်နေရေးပြေလည်သွားနိုင်သလို၊ နိုင်ငံ့အတွက်လည်း ၀င်ငွေတိုးပွားလာနိုင်ကြောင်း ကြံခင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းက လွှတ်တော်မှာ အဆိုတင်သွင်းသွားခဲ့ပါတယ်။
ရိုက်ကူး - ရဲသွေးနီ၊ တည်းဖြတ် - သားကို