အုပ်ချုပ်ရေးမှူးရဲ့ ခြံဝန်းထဲ အမည်မသိ ဖုန်းတိုင်ထောင်မှုကို ပြည်သူတွေ ကန့်ကွက်

အုပ်ချုပ်ရေးမှူးရဲ့ ခြံဝန်းထဲ အမည်မသိ ဖုန်းတိုင်ထောင်မှုကို ပြည်သူတွေ ကန့်ကွက် ------ အကုန်သိသတင်းဌာန ------ “ကျွန်မတို့ကတော့ သေခါနီးနေပါပြီ။ နောက်လာနောင်သားသမီးတွေအတွက် ကန့်ကွက်တာပါ“ လို့ ဒေသခံ အသက် ၇၀ ကျော် အမျိုးသမီးကြီးက ပြောပါတယ်။ ဒီဖုန်းတာဝါတိုင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ခြံဝန်းအတွင်းမှာ ဆောက်လုပ်နေတာဖြစ်ပြီး မြေတွေကို ကျေးရွာလမ်းမပေါ် ထင်သလို စုပုံထားမှုကြောင့် ပြည်သူလုထု ဖြတ်သန်းသွားလာရတာ အတော်လေးဒုက္ခရောက်နေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဖြေရှင်းပုံကို နားဆင်ကြည့်နိုင်ပါပြီ။ သတင်း - ဖြိုးကိုလင်း (ညောင်ဝိုင်း)၊ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သားကို
Back to Top