ဦးကိုနီအသတ်ခံရမှုကို အကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲပါက ပြစ်ဒဏ်ချပြီးပြီလို့ ပြော

ဦးကိုနီအသတ်ခံရမှုကို အကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲပါက ပြစ်ဒဏ်ချပြီးပြီလို့ ပြော ------- အကုန်သိသတင်းဌာန ------- ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုကို ပုဒ်မ ၃၀၂ နဲ့ တရားစွဲလိုက်တာဟာ သမီးရည်းစားချင်း ဓားနဲ့ထိုးတဲ့ အမှုမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ၂၄ နာရီ ၀န်ဆောင်မှုအပြည့်ရှိတဲ့ လေဆိပ်မှာ လူအုပ်စုနဲ့ လုပ်တာဖြစ်လို့ အကြမ်းဖက်မှုဥပဒေနဲ့ အရေးယူ သင့်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲလိုက်ရင် အမှုက အခုလို နှောင့်နှေးမနေဘဲ မြန်မြန်ပြစ်ဒဏ်ချနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ ရိုက်ကူး / တည်းဖြတ် - သီဟ
Back to Top