အေးချမ်းမေတ္တာ ပရဟိတအဖွဲ့ အလှူခံခြင်း ပိတ်ပင်ခံရလို့ ပြည်သူတွေစိတ်ဆင်းရဲနေ

အေးချမ်းမေတ္တာ ပရဟိတအဖွဲ့ အလှူခံခြင်း ပိတ်ပင်ခံရလို့ ပြည်သူတွေစိတ်ဆင်းရဲနေ ------ အကုန်သိသတင်းဌာန ------ ရပ်ကွက်ထဲမှာ လူတစ်ယောက်သေလျှင် မိသားစုပြန်ကြည့်စရာမလိုဘဲ တစ်ခါတည်းရေချိုးပေး၊ မြေကျတဲ့အထိ ကူညီဆောင်ရွက်ပေးနေတဲ့ မကွေးမြို့က အေးချမ်းမေတ္တာပရဟိတအဖွဲ့ကို အုပ်ချုပ်ရေးမှူးက သူ့ဆီခွင့်မတောင်းဘဲ အလှူခံမှုတွေပြုလုပ်နေတယ်ဆိုပြီး အလှူခံခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒီလိုအလှူခံခြင်းဟာ အေးချမ်းမေတ္တာအဖွဲ့က သူတို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ နာရေးရှိရင် ၅ သောင်း လှူဒါန်းပေးတယ်လို့ ဆိုပါတယ်။ အခုလို အုပ်ချုပ်ရေးမှူးရဲ့ ပိတ်ပင်တားဆီးမှုခံရတာနဲ့ ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေက စိတ်မကောင်းဖြစ်မိနေတာတွေကို အကုန်သိသတင်းဌာနထံ ရင်ဖွင့်လာပါတယ်။ ရိုက်ကူးမေးမြန်း - သက်မှူးအိမ် (မင်းဘူး)၊ တည်းဖြတ် - သားကို
Back to Top