ငွေစက္ကူအတုပြဿနာ ဘယ်သူတွေ အဓိကသက်ဆိုင်မယ်ထင်လဲ

ငွေစက္ကူအတုပြဿနာ ဘယ်သူတွေ အဓိကသက်ဆိုင်မယ်ထင်လဲ ------ Public Voice ------ ငွေစက္ကူအတုဆိုတဲ့ အသံကြားလိုက်တာနဲ့ နေပူစပ်ခါးမှာ ချွေးတဒီးဒီးနဲ့ ရုန်းကန်ပြီး ပိုက်ဆံရှာနေရတဲ့ ပြည်သူတွေ စိုးရွံ့ထိတ်လန့်နေမိမှာ အမှန်ပါပဲ။ စင်္ကာပူမှာ အလုပ်လုပ်တဲ့ မြန်မာအမျိုးသမီးတစ်ဦး ဆိုရင်လည်း တိုင်းတစ်ပါးမှာ အနှစ်နှစ်အလလ ပိုက်ဆံစုပြီး ပြန်လာတဲ့အချိန်မှာ ငွေစက္ကူအတုနဲ့ပဲ ညားသွားခဲ့ရရှာတယ်။ ဒီပြဿနာဟာ ဘယ်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ဘယ်သူတွေဖြေရှင်းပေးနိုင်မလဲဆိုတာ ပြည်သူ့အသံနားဆင်လို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ ရိုက်ကူးမေးမြန်း - ထက်ဝေလင်း၊ တည်းဖြတ် - ကိုမိုး
Back to Top