ဟိန္ဒူဘာသာဝင်တို့ရဲ့ သိဒ္ဓိရှင် ဆုတောင်းပြည့် စရီမာရီယမ္မာန(ခ)စန္ဒီမယ်တော်ကြီး မီးနင်းပွဲတော်

ဟိန္ဒူဘာသာဝင်တို့ရဲ့ သိဒ္ဓိရှင် ဆုတောင်းပြည့် စရီမာရီယမ္မာန (ခ) စန္ဒီမယ်တော်ကြီး မီးနင်းပွဲတော် -------- အကုန်သိသတင်းဌာန ----------- ပဲခူးတိုင်းဒေသကြီး အာဇာနည်လမ်းရှိ စရီစူဠာမဏဘုရားကျောင်းမှာ ပူဇော်ကျင်းပတဲ့ မီးနင်းပွဲတော်မှာ အဓိဌာန်ပြုမီးနင်းပုဂ္ဂိုလ်(၁၀၀) ဦးကျော် မီးနင်းပူဇော်ခဲ့ကြပါတယ်။ စရီမာရီယမ္မာန (ခ) စန္ဒီမယ်တော်ကြီးဘုရားကျောင်း မီးနင်းပွဲတော်ကြီး ဟာ အကြိမ်ရေအားဖြင့် (၁၁၄) ကြိမ် ရှိပြီဖြစ်ကာ အနယ်နယ်အရပ်ရပ်က မြို့ပေါ်ရပ်ကွက်တွေဒေသစာရီကြွချီ အပူဇော်ခံတာတွေ ပြုလုပ်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါအပြင် အဓိဋ္ဌာန်ပြုမီးနင်းပုဂ္ဂိုလ်တစ်ဦးရဲ့ ရင်သက်ရှုမောဖွယ် ပူဇော်ပသပုံကို ယခုရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။ သတင်း - ကောင်းထိုက်(ညောင်လေးပင်)၊ နောက်ခံ - အိဖြူသိမ့်၊ တည်းဖြတ် - ပြည့်စုံ
Back to Top