တပ်မတော်ရဲ့ တတိယခေါင်းဆောင် တက်ရောက်ခဲ့တဲ့ Republic Day of India ပွဲ

တပ်မတော်ရဲ့ တတိယခေါင်းဆောင် တက်ရောက်ခဲ့တဲ့ Republic Day of India ပွဲ ----- အကုန်သိသတင်းဌာန ----- Republic Day of India အိန္ဒိယသမ္မတနိုင်ငံတော်ရဲ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ်ပွဲကို ဇန်န၀ါရီလ ၂၆ ရက် ညနေ ၆ နာရီခန့်က အိန္ဒိယသံအမတ်အိမ်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို နိုင်ငံ့အကြီးအကဲတွေ တက်ရောက်ခဲ့ကြပြီး မြန်မာ- အိန္ဒိယ အကအလှတွေနဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။ အထူးသဖြင့် ယခင်နှစ်တွေက တက်ရောက်လေ့မရှိတဲ့ တပ်မတော်ရဲ့ တတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြထွန်းဦး (ညှိကွပ်)ကိုယ်တိုင် ပထမဆုံးအကြိမ် တက်ရောက်လာခဲ့တဲ့ပွဲဖြစ်နေလို့ ထူးခြားနေတယ်လို့ သံတမန်အသိုင်းအ၀ိုင်းမှာ ဆိုကြပါတယ်။ ရိုက်ကူး/တင်ဆက် - အိဖြူသိမ့်၊ သိမ့်အေးချမ်း
Back to Top