အာဏာရှင်စနစ်နဲ့ ပညာရေးကိုမောင်းနှင်မယ်ဆိုတာ..

“အာဏာရှင်စနစ်နဲ့ ပညာရေးကိုမောင်းနှင်မယ်ဆိုတာ အထင်သားပေါ်လွင်နေတယ်“လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဝေဖန် ပြောဆိုလိုက်ပါတယ်။ သြဂုတ်လ ၃၁ရက်က ရန်ကုန်မြို့၊YWCAခန်းမမှာ ပြုလုပ်တဲ့ ပုဂ္ဂလိကကျောင်းဥပဒေကြမ်း(မူကြမ်း)သုံးသပ်ဆွေးနွေးခြင်းစကားဝိုင်းမှာဒေါက်တာ ညိုညိုသင်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ဒေါက်တာသိန်းလွင်၊ဒေါက်တာညိုညိုသင်းနဲ့ကထိကဆရာ ဦးလှိုင်တင့် (UTA)တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။။
Back to Top