ကျောက်ဖြူမှာ ဆန်ပြတ်လတ်ပြီး လက်လုပ်လက်စားတွေ ဆန်ကွဲကို ကျိုသောက်နေရတဲ့သတင်း

စစ်ကောင်စီက ရခိုင်တစ်ပြည်လုံးအနှံ့ မှာကုန်းလမ်းနဲ့ရေလမ်းတွေကို ပိတ်ဆို့ထားပြီး ပြည်သူတွေအပေါ် ဖြတ် (၄) ဖြတ် လုပ်ထားတာကြောင့် ကျောက်ဖြူမြို့မှာ ဆန်ပြတ်လတ်ပြီး ဆန်ကွဲကို ကျိုချက်စားသောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ် ကျောက်ဖြူမြို့က ဆားပြင်ကွင်းရပ်ကွက်နဲ့ ငလပွေ့ရွာက ငါးကန်အနားမှာနေထိုင်တဲ့ ဒေသခံတွေဟာ ‌ဆင်းရဲပင်ပန်းကြပြီး ဆန်စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဆန်ကွဲကို ကျိုချက်စားသောက် နေကြရတဲ့အထိဖြစ်နေကြ တယ်လို့သိရပါတယ်။ ကျောက်ဖြူမှာအရင်က ဆန်တစ်အိတ်ကို ငွေကျပ် ၆ သောင်းလောက်ရှိနေရာကနေ အခုအချိန်မှာငွေကျပ် ၁ သိန်း ၃ သောင်း လောက်ရှိနေတာကြောင့် ဝယ်ယူဖို့ အလွန်တရာ ခက်ခဲနေတယ်လို့ဆိုပါတယ်။ ကျောက်ဖြူမြို့ကို ကုန်းလမ်းနဲ့ ဝင်ရောက်နိုင်တဲ့ ကျောက်ဖြူ-ရန်ကုန် ကားလမ်းကကျောက်တလုံးမြို့အဝင်ဂိတ်မှာ စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့အပြင် သံဇစ်မြစ်မှာရှိတဲ့ စစ်သင်္ဘောကလည်း ရေလမ်းကြောင်းကို တင်းကျပ်စွာ ပိတ်ပင်ထားတယ်လို့ဆိုပါတယ်။ လက်ရှိရခိုင်မှာ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ စစ်ကောင်စီက တစ်ပြည်လုံးအနှံ့ကကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ပင်ထားတာကြောင့် မြို့နယ်အချို့မှာ အငတ်ဘေးနဲ့ ကြုံနေရသူတွေ ရှိလာနေတယ်လို့ သိရပါတယ်။
Back to Top