“ပညာရေးအကယ်ဒမီကျောင်း သရက်သီးအလှူတော်”

“ပညာရေးအကယ်ဒမီကျောင်း သရက်သီးအလှူတော်” ====================== ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသား/သူများအား မတ္တရာမြို့နယ်၊ စကျင်ရွာနေ ဒေါ်ကြည်ကြည်ဦးနှင့် ဓမ္မအမိတ်ဆွေများက သရက်သီးများ လာရောက်လှူဒါန်းကြတာပါ။ ပညာရေးအကယ်ဒမီကျောင်း၌ တိုင်းရင်းသားပေါင်းစုံ ၅-တန်းမှ ၁၀-တန်းအထိ ကျောင်းသား/သူပေါင်း (၄၀၀)နီးပါး ပညာသင်ယူလျက်ရှိပါတယ်။ ပညာရေးအကယ်ဒမီကျောင်းကို အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူနှင့် ဓမ္မစေတီဆရာတော် အရှင်နာဂိန္ဒာလင်္ကာရတို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီသို့ အာဟာရဒါနအပါအဝင် ဆန် ဆီ စသည့်စားသောက်ကုန်များ၊ စာအုပ်နှင့် စာရေးကိရိယာများ၊ မုန့်ပဲသရည်စာများလည်း လှူဒါန်းနိုင်ပါသည်။ ဆက်သွယ်လှူဒါန်းရန် ဦးနိုင် (ဖုန်း-09444637969)
Back to Top