နေ့စဉ်သတင်းများ တင်ဆက်မှု ( ဇွန် ၁၇ ရက် ၊ ၂၀၂၃ ခုနှစ် )

နေ့စဉ်သတင်းများ တင်ဆက်မှု ( ဇွန် ၁၇ ရက် ၊ ၂၀၂၃ ခုနှစ် ) *************** ၁။ချင်းပြည်နယ်၊ ဆမီးမြို့က စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။ ၂။NLD အစိုးရလက်ထက်မှာ ပိတ်ထား တဲ့ ဆင့်ပွားစျေးကွက်ဖြန့်ချိတဲ့ (MLM) လုပ်ငန်း ပြန်လည် ဦးမော့လာပါတယ်။ ၃။ သုံးဘီးယာဉ်တွေကို ဆေး အဝါရောင် ပြောင်းလဲရမယ်လို့ ပဲခူးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားထားပါတယ်။ ၄။အိန္ဒိယနိုင်ငံမှာခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေ လိုက်နာရမယ့် အချက် ၅ ချက်ကို NUG အစိုးရ ထုတ်ပြန်ထားပါတယ်။ ၅။ နျူကလီးယားလက်နက်တွေ ဘယ်လာရုစ်နိုင်ငံထဲကို ပို့ထားပြီလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။ သံလွင်ခက်သတင်းဌာနရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ သံလွင်ခက်က တင်ဆက်ပေးနေတဲ့ နေ့စဉ် သတင်းအစီအစဉ်ကို ဒီနေ့ကစရပ်နားတော့မှာဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေနဲ့ အစားထိုး တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျော်ကြည့်ရှုအားပေးကြပါဦးရှင်။
Back to Top