မြ၀တီမှာ ဘဏ်တွေစပိတ်၊ မြို့ခံအချို့ ထိုင်းဖက်ကိုပြောင်းရွှေ့(ရုပ်/သံ)

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြ၀တီမြို့ပေါ်မှာဖွင့်လှစ်ထားတဲ့ အစိုးရဘဏ်တွေအပါဝင် ပုဂ္ဂလိကဘဏ်တွေ ဟာ ဒီကနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းကစလို့ ယာယီပိတ်လိုက်သလို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေလည်းပိတ်လိုက်ပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ မြ၀တီမြို့ကဘဏ်တွေ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ပေမယ့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၁)တံတားနဲ့ အမှတ်(၂)တံတားတို့ကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်နေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လက်ရှိ ပိတ်ထားတဲ့ ဘဏ်တွေမှာတော့ အစောင့်ချထားတဲ့ လုံခြုံရေးလောက်ပဲ ရှိတော့တယ်လို့ ဆိုပါ တယ်။ မြ၀တီမြို့နယ် သင်္ကန်းညီနောင်ဖက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်ဖက်တိုက်ပွဲတွေကြောင့် မြ၀တီမြို့ခံ တွေဟာ ထိုင်းဘက်ကို ယာယီစစ်ရှောင်တာ အနည်းငယ်ရှိနေပေမယ့် အခုရက်ပိုင်းမှာတော့ လက်ရှိ စစ်ရေးတင်းမာမှုတွေကြောင့် နေ့စဉ်မြ၀တီကနေ မဲဆောက်ဘက်ကို ထွက်ခွာလာသူတွေ ပိုများလာနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။ သတင်း။ တင်ဆက်/တည်းဖြတ် - ကိုရွှေမြိတ် #ကရင်ပြည်နယ် #မြဝတီမြို့ ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. Subscribe our channel: Follow us: Facebook | Myanmar Language Facebook | English language Facebook | Mizzima TV Twitter Telegram Sportify Get Mizzima TV App Free Website : ..................... About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
Back to Top