41508625_414433259085796_1257428319595397120_n

၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဆို စက်တင်ဘာ - ၁၃ ၊၂၀၁၈ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုရဲ့ ထောက်ခံမှုကို ရဖို့အတွက် လက်ရှိ အချိန်ကတည်းက တိုးတက်မှု ရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ကို တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နော်ဝေး နိုင်ငံရေးသမား ဘော့ဂ်ဘရန်ဒေးနဲ့ ဆွေးနွေးမှု အစီအစဉ်မှာ လာမယ့်ရွေးကောက်ပွဲ အတွက် ထည့်သွင်း ပြောခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ထားသလားဆိုတာနဲ့ပတ်သက်လို့ကတော့ ဒီချုပ် ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရချင်တဲ့အကြောင်း ၊ ဒါဟာ နိုင်ချင်တဲ့ ဆန္ဒ သက်သက်ကြောင့် မဟုတ်ဘဲ အနိုင်ရဖို့ အမှန်တကယ် ထိုက်တန်တဲ့အတွက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ပါတယ်။ တကယ်ပဲ အနိုင်ရခဲ့မယ် ဆိုရင်တော့ ပါတီအနေနဲ့ နိုင်ငံကို ဆက်လက် တာဝန်ယူ ဦးဆောင်ဖို့ ပြည်သူလူထုက ယုံကြည်မှု ပေးထားတာလို့ သတ်မှတ်နိုင်မှာဖြစ်ကြောင်း၊ တည်ငြိမ်မှုနဲ့ ချမှတ်ထားတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက် အကောင်အထည် ဖော်ဖို့ဆိုရင် လာမယ့် ရွေးကောက်ပွဲမှ
Back to Top