“အိမ်ပြန်လမ်းအတွက် အခက်အခဲ ပေါင်းစုံ ကျော်ဖြတ်ခဲ့ရတယ်”- ကိုးကန့် တပ်ဖွဲ့

“အိမ်ပြန်လမ်းအတွက် အခက်အခဲ ပေါင်းစုံ ကျော်ဖြတ်ခဲ့ရတယ်”- ကိုးကန့် တပ်ဖွဲ့ ကိုချို/Myanmar Now မြန်မာပြည် အရှေ့မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ် အနီးရှိ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၃ ဖွဲ့ ပူးပေါင်း တိုက်ပွဲဝင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင် ၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို ထိန်းချုပ်နိုင်ခဲ့သည်။ ရက်သတ္တပတ် တစ်ပတ်ကြာ တိုက်ပွဲဝင်ခဲသည့် ကာလအတွင်း ရာနှင့်ချီသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကျဆုံးခဲ့သည်၊ စစ်ကောင်စီ တပ်စခန်းပေါင်း ၉၀ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ် သံချပ်ကာကား ၆ စင်းနှင့် လက်နက်ခဲယမ်းပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကိုးကန့် တပ်ဖွဲ့ (MNDAA) ၏ ပြောခွင့်ရ ကိုကျော်နိုင် (ခ) လီကျားဝင်းက Myanmar Now ကို ပြောသည်။ “ကျွန်တာ်တို့ရဲ့ အိမ်ပြန်ခရီးအတွက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရတယ်။။ သူများရဲ့ အထင် သေးမှု၊ သူများရဲ့ အမြင်လွဲမှားမှု တွေကိုလည်း ခံစားခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်တော် တို့ရဲ့ နဂိုရှိတဲ့ နေရာမှာ တပ်နေရာ ပြန်ချနိုင်ဖို့ ကြိုးစားသွားမှာပေါ့” ဟု ၎င်းက ပြောသည်။ ၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ပြီး စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်သည့် အစိုးရနှင့် ငြိမ်းချမ်ရေး ယူခဲ့ပြီးနောက် ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို အုပ်ချုပ်ခွင့်ရခဲ့သည်။ စစ်အာဏာရှင်များက ဦးဆောင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၀၉ ခုနှစ်တွင် အပစ်ရပ်လက်နက)
Back to Top