Border News Agency

“မြို့ပေါ်မှာနေမရလို့ ဒီကိုရောက်လာတာ၊ မြို့ပေါ်မှာက ၂၄ နာရီပစ်နေတော့ နေမရ၊စားမရ အိမ်မရဘူး။အရီးတို့ အကြောက်များပြီး စိတ်ဒဏ်ရာတွေ ရလာတယ်။အခုလောလောဆယ်တော့ ဒီမှာအဆင်ပြေတယ် နေရတာ။ရွာတွေ မြို့တွေမှာလည်း လူမရှိတော့ဘူး” Border News Agency မြောက်ဦး၊ဒီဇင်ဘာ ၂၈။ မြောက်ဦးမြိုပေါ်သို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့ကစတင်ပြီးလက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ပစ်ခတ်နေလို မြောက်ဦးမြိုခံတွေ သေဆုံး၊ဒဏ်ရာရတာတွေရှိနေကြတယ်လို မြိုခံတွေက ဆိုကြပါတယ်။ မြောက်ဦးမြိုမှာ သုံးရက်အတွင်း စစ်ကောင်စီတပ်ကမြိုထဲသိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီပစ်ခတ်လို အပြစ်မဲ့အရပ်သားပြည်သူငါးဦးသေဆုံးပြီးဆယ့်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လိုမြောက်ဦးမြိုခံတွေက ဆိုကြပါတယ်။ မြောက်ဦးမြိုပေါ်သိုစစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေ၊ဒရုန်းတွေပစ်ခတ်လို မြောက်ဦးပြတို က်၊မြောက်ဦးဆေးရုံ၊မြောက်ဦးမြိုပေါ်စာသင်ကျောင်းတွေအပါအဝင် လူနေ အိမ်တွေ၊တိုက်တွေလည်း ထိခိုက်ပျက် စီးနေတယ်လို မြိုခံတွေက ဆိုကြပါတယ်။ အဲဒါကြောင့်မြောက်ဦးမြိုပေါ်နေပြည်သူသောင်းနဲ့ချီပြီးဘေးလွှတ်ရာသိုထွ က်ပြေးတိမ်းရှောင်နေကြရပြီးမြောက်ဦးမြိုနယ်၊ကျောင်းတွင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို စစ်ဘေးရှောင် ခုနှစ်ရာကျော်လာရောက်ခိုလှုနေကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေ ဘာကြောင့်ထွက်ပြေးလာကြသလဲဆိုတာကို မြောက်ဦးမြို့ ညောင်ပင်ကြီးရပ်ကွက် မှစစ်ဘေးရှောင်လာသူတစ်ဦးက သူမတိုကြုံတွေ့ခဲ့ရတာတွေကိုပြောပြထားပါတယ်။ Instagram တွင်ဝင်ရောက်ဖတ်ရန် -
Back to Top