ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှမွတ်စလင်လူငယ်များကိုစကစနဲ့ARSA၊ARA၊RSOတို့ကတပ်သားသစ်အဖြစ်စုဆောင်းနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းများ IDPs စခန်းများက မွတ်ဆလင် အမျိုးသားလူငယ်များကို အာရက္ခတပ်တော် AA နာမည်သုံးပြီး စစ်ကောင်စီအတွက် စည်းရုံးနေကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်းအတွင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများထံမှ မွတ်ဆလင် ၅၀၀ ထက်မနည်းကို ARSA, ARA, RSO တို့က စစ်ကောင်စီအတွက် စည်းရုံးသွားခြင်းနဲ့ပတ်သက်ပြီး ခိုင်သုခက မေလ ၈ ရက်နေ့မှာပြောကြားလာတာဖြစ်ပါတယ်။ မွတ်စလင်လူငယ်များ အထူးသဖြင့် အရွယ်မရောက်သေးတဲ့ လူငယ်များကို အာဏာသိမ်း စစ်ကောင်စီနဲ့ ARSA ၊ ARA၊ RSO တို့က ၎င်းတို့ရဲ့ အကျိုးစီးပွားအတွက် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် ခုတုံးလုပ်ကာ လိမ်လည်လှည့်ဖြားပြီး လူသစ်စုဆောင်းနေခြင်းဟာ လွန်စွာ ယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တဲ့ အတွက် ULA/AA အနေဖြင့်အခုလို လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ ULA/AA အဖွဲ့အစည်းဟာ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး မည်သည့်အကြမ်းဖက်အဖွဲအစည်းနဲ့ မည်သည့်အခါတွင်မျှ ဆက်စပ်ပတ်သက်မှု၊ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မရှိပါကြောင်း ဦးခိုင်သုခက အသိပေး ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးရာမှာ အစ္စာလာမ်ဘာသာရေးအခြေခံပြီး ဂျီဟတ်ဒ်ဝါဒနဲ့ ဟောပြော စည်းရုံးနေတယ်လို့ စစ်သားအဖြစ် စုဆောင်းခံခဲ့ရာကနေ ထွက်ပြေးလာသူတဦးကို ကိုးကားပြီး အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာ(
Back to Top