KNU ထုတ်ပြန်ချက်ကြောင့် စစ်ကောင်စီလက်အောက်ခံရုံးဝန်ထမ်းများ နေရာပြောင်းရွှေ့

KNU ထုတ်ပြန်ချက်ကြောင့် စစ်ကောင်စီလက်အောက်ခံရုံးဝန်ထမ်းများ နေရာပြောင်းရွှေ့ ************** သဇင် နိုဝင်ဘာ ၂၁၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်လိုက်တဲ့ သတိပေးကြေညာချက်ကြောင့် စစ်ကောင်စီလက်အောက်ခံရုံးဝန်ထမ်းတွေ လုပ်ငန်းခွင်ရပ်နားပြီး နေရာရွှေ့ပြောင်းနေကြသလို ဒေသခံတချို့ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၁၇ ရက်က KNU ကထုတ်ပြန်ခဲ့တဲ့ သတိပေးကြေညာချက်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ ကျိုက်ဒုံ၊ ကော့ကရိတ်၊ စုကလိနဲ့ ဝေါ်လေမြိုင်မြို့တွေက စစ်တပ်ယန္တရားတွေမှာ ပါဝင်နေကြသူတွေ ၇ ရက်အတွင်းထွက်ခွာပေးရမယ်လို့ ပါဝင်ပါတယ်။ ကြေညာချက်ထုတ်ပြန်လိုက်တဲ့ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီလက်အောက်ခံရုံးအများစု နေရာရွှေ့ပြောင်းတာနဲ့ ယာယီရပ်ဆိုင်းတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံကဆိုပါတယ်။
Back to Top