ပေါက်တောဒေသခံများကို ကယ်ထုတ်နိုင်ရေး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅၀ နီးပါးသေဆုံး

ပေါက်တောဒေသခံများကို ကယ်ထုတ်နိုင်ရေး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅၀ နီးပါးသေဆုံး RNA_နိုဝင်ဘာ(၂၄)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ်နှင့် ဓားစာခံဖမ်းဆီးခံထားရသည့် ဒေသခံ ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ်နိုင်ရေး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၅၀ နီးပါးသေဆုံးကြောင်း သိရသည်။ ပေါက်တောမြို့အတွင်းရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ပြီး AA ရဲဘော်များက နိုဝင်ဘာလ ၂၁ ရက်နေ့က ဒေသခံ (၁၂၀) ဦးကို ပထမအကြိမ်ကယ်ထုတ်ခဲ့ပြီး၊ နိုဝင်ဘာ ၂၂ ရက်နေ့က ဒုတိယအကြိမ် ဒေသခံ (၁၀၄) ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ကယ်ထုတ်ထားသည့် ဒေသခံပြည်သူများကို လုံခြုံစိတ်ချရသည့်နေရာများသို့ ပို့ဆောင်ပေးထားသည်ဟု AA က ထုတ်ပြန်ထားသည်။ ပထမအကြိမ် ပြည်သူများကယ်ထုတ်နိုင်ရေး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ကြောင်း၊ ဒုတိယအကြိမ်ပြည်သူများကို ကယ်ထုတ်နိုင်ရေးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၁၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း၊ ထိုတိုက်ပွဲများအတွင်း ဒရုန်းစက်များအပါအဝင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပေါက်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရကာ ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ရဲဘော်များက ဆက်လက်တိုက်ခ
Back to Top