စခန်းသစ်ကုန်း ရက် ၄၀တိုက်ပွဲအပြီး လက်နက်များကို ကရိန်းကားဖြင့် သယ်ထုတ်ရ

စခန်းသစ်ကုန်း ရက် ၄၀တိုက်ပွဲအပြီး လက်နက်များကို ကရိန်းကားဖြင့် သယ်ထုတ်ရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးရှိ စခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်က ဒီဇင်ဘာ ၁၈ ညပိုင်းတွင် လက်နက်ချခဲ့သောကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိုမြို့ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ နမ့်ခမ်းတွင် အခိုင်အမာတည်ဆောက်ထားသည့် စစ်စခန်းရှိ စေတီကုန်းတွင် စစ်ကောင်စီတပ်၏ ယတြာချေထားသည့် အစီအမံများ တွေ့ရသဖြင့် TNLA ကလည်း ဘုန်းကြီးများပင့်ဖိတ်ကာ သေနတ်တွင် သင်္ကန်းချည်၍ ပစ်ဖောက်ခဲ့ကြောင်း ထိုစခန်းတွင် ရောက်နေသည့် Myanmar Now သတင်းထောက်က ပြောသည်။ ရိုက်ကူး - မြတ်ပန်း လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင်  နှိပ်၍ လှူဒါန်းနိုင်ပါသည်။ ‌
Back to Top