ဆန္ဒပြသူတွေကို NUG လက်အောက်ခံတပ်တွေဖမ်းဆီး (ရုပ်/သံ)

ဆန္ဒပြသူတွေကို NUG လက်အောက်ခံတပ်တွေဖမ်းဆီး (ရုပ်/သံ) မိုးသောက်၊ ဇွန် ၁၈၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အင်းတိန်ကျေးရွာမှာ ဆန္ဒဖော်ထုတ်ခဲ့သူတွေထဲက ဒေသခံ ၄ ဦးဟာ ဇွန်လ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေက ဦးဆောင်ပြီး မြစ်ကြီးနား-မန္တလေး လမ်းနဲ့ချိတ်ဆက်ဖို့အတွက် ဆူးပုံချောင် -အင်းတိန်ကားလမ်းသစ်ကို ဖောက်လုပ်နေတာဖြစ်ပါတယ်။ ဒီလိုကားလမ်းဖောက်လုပ်နေတဲ့နေရာမှာ အင်းတိန်ကျေးရွာထဲမှာရှိတဲ့ ဒေသခံတွေရဲ့ လယ်ကွင်း ၅ ဧက ကို ဖြတ်ပြီးဖောက်လုပ်မှာဖြစ်တဲ့အတွက် အင်းတိန် ဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ရာမှာဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံတွေထဲက သုံးဦးကတော့ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး ဦးအောင်သူဆိုတဲ့ဒေသခံ ကိုတော့ ဇွန်လ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy:
Back to Top