လူပြောများနေတဲ့ ဖြူဖြူထွေးရဲ့ကြော်ငြာ

အများပြောသလို ဟုတ်မဟုတ် ကြည့်ပြီး ပြောသွားပေးပါဦး ခေတ်သစ်သတင်းဌာနက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀“ အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင် ရန်ကုန်၊ ဒီဇင်ဘာ ၂၅ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀“ အွန်လိုင်းဇတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု“ အမည်ဖြင့် ပရုတ်ဆီဖြင့် မည်သည့်ရောဂါမဆိုပျောက်စေနိုင်သော ဆေးဆရာအဖြစ် သရုပ်ဆောင်ထားခြင်းဖြစ်ပြီး အဆိုပါ ဇတ်လမ်းတွင် မယ်တော်ဟောင်စုက အမြှောက် ကြိုက်၊ အချော့ကြိုက်၊ ပရုတ်ဆီဖြင့် ဆေးလိမ်ကုသသူ၊ အခြွေအရံများဖြင့် သွားလာသူအဖြစ် ပုံဖော် ရိုက်ကူးထားခြင်းဖြစ်သည်။ ၁၅ မိနစ်ဝန်းကျင်ကြာမြင့်သော “မယ်တော်ဟောင်စု“ ဇတ်လမ်းသည် ပရုတ်ဆီကြော်ငြာသော ဇတ်လမ်းဖြစ်သည်ဟု ဖြူဖြူထွေးက တုံ့ပြန်ထားသော်လည်း ဇတ်လမ်း၊ ဇတ်ကွက်နှင့် လှုပ်ရှားဟန်များမှာ ဒေါ်အောင်ဆန်းစ&
Back to Top