လောက်ကိုင် တိုက်ပွဲပြင်းထန်၊ တရုတ်နိုင်ငံသားတွေ မသွားဖို့ သတိပေး - BBC NEWS မြန်မာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ် - လောက်ကိုင်မှာ MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တွေ အကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်ရှိနေချိန်မှာပဲ တရုတ်နိုင်ငံသားတွေ ရှမ်းမြောက်ကို ခရီးမသွားဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလာပါတယ်။ - ဂါဇာ စစ်ပွဲအဆုံးသတ်ရေး အီဂျစ်ဘက်က ကြိုးစားလာချိန်မှာပဲ ဂါဇာ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ အစ္စရေး ကဆက်လက် လုပ်ဆောင်ခဲ့။ - ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ လူဦးရေ ထက်ဝက်ကျော် မဲပေးဆုံးဖြတ်ကြမယ့် ရွေးကောက်ပွဲကြီးတွေ ရှိနေတဲ့အကြောင်းကိုလည်း တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Back to Top