ဘုရားစေတီကို ဖြိုကျ၍ MNDAA ကို လူသောင်းချီက ဆန္ဒပြကန့်ကွက်

ဘုရားစေတီကို ဖြိုကျ၍ MNDAA ကို လူသောင်းချီက ဆန္ဒပြကန့်ကွက် CNI News ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လောက်ကိုင်မြို့ရှိ တောင်ကုန်းတစ်ခုပေါ်မှ ဘုရားစေတီ တစ်ဆူကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)က တူနှင့်ထု၍ ဖြိုကျခဲ့သည်။ ထို့ကြောင့် လူသောင်းနှင့်ချီသော လူထုက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဇန်နဝါရီ ၁၂ ရက်က ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ MNDAA သည် တအာင်းအမျိုးသားများတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့နှင့်ပူးပေါင်း၍ ၁၀၂၇ စစ် ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင် ဖော်ဆောင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြန်မာ့တပ်မတော် စစ်စခန်းများ အပါအဝင် မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲလျက်ရှိနေသည်။ လက်ရှိတွင် TNLA၊ MNDAA၊ AA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက လောက်ကိုင်၊ ကုန်ကြမ်း၊ ဖောင်းဆိုင်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ နမ့်တစ်၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ နမ့်ခမ်း စသည့် မြို့များကို ထိန်းချုပ်ထားသည်။ Website တွင်ကြည့်ရှုရန် - - - #MNDAA #ဘုရားစေတီ #ဆန္ဒပြ #တောင်ကြီးမြို့ #နိုင်ငံရေး #CNImyanmar #cninews CNI Telegram Channel----- CNI Twitter Link-----
Back to Top