ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အတွက် ညနေခင်းသတင်း

ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အတွက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ တင်ဆက်ပေးမယ့် သတင်းတွေမှာတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က ရှေ့ဟောင်းသမိုင်းဝင် မဟာမြတ်မုနိရုပ်ပွားတော် ကိန်းဝပ်ရာ အဆောက်အဦးကို ကယားအကြမ်းဖက်သောင်းကျန်းသူတွေက ဒရုန်းဗုံးလာရောက်ပစ်ခတ်ခဲ့တဲ့သတင်း၊ တရားမဝင်ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေတဲ့ သံသယဖြစ်ဖွယ်ရာ ငွေလွှဲ၊ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ၉၉ ဦးနဲ့ ပတ်သက်လို့ စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် ၂၀ ဦးကို အမှုဖွင့်အရေးယူထားသလို ၂၀ ဦးကိုလည်း သက်ဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်တဲ့သတင်း၊ တရုတ်နိုင်ငံကို ရှမ်းပြည်နယ်မြောက်ပိုင်းကနေသာတင်ပို့ရောင်းချနေရတဲ့ မြန်မာဖရဲသီးနေရာမှာ တရုတ်က လာအိုဖရဲနဲ့ အစားထိုးလဲလှယ်မှုတွေရှိလာတဲ့သတင်းနဲ့ ကိုးကန့်ဒေသက အများပြည်သူကြည်ညို ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာဘုရားစေတီတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို MNDAA အဖွဲ့ကဖျက်ဆီးနေမှုကို ကိုးကန့်တိုင်းရင်းသားတွေကန့်ကွက်ရှုံ့ချနေတဲ့သတင်းတွေကို တင်ဆက်ပေးပါ့မယ်။ #pan_broadcasting
Back to Top