ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်လိုက်ပေမဲ့ ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်လိုက်ပေမဲ့ ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေဆဲ ~~~ ■ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းကစလို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။ ဒီသဘောတူညီချက်ဟာ တရုတ်အကျိုးစီးပွားတွေ ရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာ ဖြစ်နိုင်ပြီး ပလက်ဝ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး အစရှိတဲ့ မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အပေါ် နယ်မြေနဲ့ စစ်ရေးအရခြိမ်းခြောက် ဖိအားပေးတာတွေပါ ရှိခဲ့တယ်လို့ ယူဆရပြီး တရုတ်ဖိအားကို မလွန်ဆန်နိုင်လို့ မြောက်ပိုင်းအဖွဲ့တွေက အပစ်ရပ်ရေးသဘောတူခဲ့တာလို့ သူကသုံးသပ်ပါတယ်။ ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးဖေသန်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။ ____________ Subscribe ▶ မိုဘိုင်းအက်ပ် ▶ ဝဘ်ဆိုက် ▶ ဖေ့စ်ဘွတ်ခ် ▶ တွစ်တာ ▶ အင်စတာဂရမ် ▶ တယ်လီဂရမ် ▶ (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
Back to Top